(နိုင်ငံတကာ) မေ ၇

ပါကစ္စတန်ဘက်က ပစ်မှတ် ၉ ခုကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေပြီဖြစ်ပါတယ်။ အကြမ်းဖက်တွေ နေထိုင်တယ်လို့ ယူဆရတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာလို အိန္ဒိယက ဆိုပါတယ်။
ပါကစ္စတန်ကလည်း သူတို့ဟာ အိန္ဒိယလေယာဉ် ၅ စင်းအထိကို ပစ်ချခဲ့ပြီး စစ်သားအချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်တန့်မယ်ဆိုရင် အိန္ဒိယနဲ့ ဆွေးနွေးသွားမယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားလာမယ့် အနေအထားမှာရှိနေပြီး AFP သတင်းဌာနကတော့ ပစ်ချခံခဲ့ရတဲ့ အိန္ဒိယစစ်တပ်လေယာဉ် အပိုင်းအစဓါတ်ပုံတွေကို ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Telegram»…
https://t.me/positiveanglenews