(မှုခင်း) မေ ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ အကွက် (၁၉၇)၊ ၂၅ လမ်း၊ ၈၈×၈၉လမ်းကြားရှိ “စွမ်းအား”ဆီစက်/ပွဲရုံလုပ်ငန်းမှ ပိုင်ဆိုင်သည့် ၃၀×၄၀ ပေ၊ ပျဉ်ထောင်၊ သွပ်မိုး ၂ ထပ်နေအိမ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၂၂ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ ရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်တွင် ဦးဖြိုးဝေယံစိုး၏ နေအိမ်အပေါ်ထပ်ရှိ စတိုခန်းတွင် မွှေ့ယာအဟောင်း နှင့် ပါဝါဘန့်အဟောင်းများစုပုံထားရာမှ ပါဝါဘန့်ဓါတ်ခဲပွင့်ပြီး မွှေ့ယာသို့ စတင်မီးကူးစက်လောင်းကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ လူနေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၈၃၅၀၀၀ဝိ/-(ရှစ်ဆယ့်သုံးသိန်းငါးသောင်း)ကျပ် ဖြစ်ကြောင်း မီးပေါ့ဆစွာသုံးစွဲသူ ဦးဖြိုးဝေယံစိုး အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews