သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၄/၁၃၆)အား အကြမ်းဖက် KNLA နှင့် PDF အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ


(မှုခင်း) မေ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၅/၇ နှင့် ၁၃၆ အကြား အရှည် ၃၇ ပေ၊ အကျယ် ၄၈ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၄/၁၃၆)အား အကြမ်းဖက် KNLA နှင့် PDF အဖွဲ့များက ယနေ့နံနက်အစောပိုင်းတွင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ သံကူကွန်ကရစ်တံတားမှာ ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် ထိုသို့ ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသံကူကွန်ကရစ်တံတားအား အကြမ်းဖက် KNLA နှင့် PDF အဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ယနေ့ဖောက်ခွဲခဲ့မှုမှာ တတိယအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှုမရှိဘဲ ပြည်သူလူထုမှ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကိုလိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN