(နိုင်ငံတကာ) မေ ၃

အိန္ဒိယနှင့် စစ်ရေးတင်းမာနေချိန်တွင် ပါကစ္စတန်စစ်တပ်မှ မြေပြင်မှ မြေပြင်ပစ် ပဲထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းသိရသည်။
အက်ဘ်ဒါလီအမည်ရှိ အဆိုပါပဲ့ထိန်းဒုံးကျည်သည် မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် အိန္ဒုစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်မှ အခိုင်အမာပြောဆိုခဲ့သည်။
ကီလိုမီတာ ၄၅၀ အထိ မြေပြင်မှ မြေပြင်ပစ် ပစ်ခတ်နိုင်သော အဆိုပါ ပဲ့ထိန်းဒုံးကျည်သည် ပါကစ္စတန်၏ အာကာသနှင့် အထက်လေထု သုတေသန ကော်မရှင် (SUPARCO)မှ တီထွင်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်သည် ယခင် Hatf 1 အမျိုးအစားဒုံးကျည်၏ အဆင့်မြှင့်တင်ထားသော အမျိုးအစားဖြစ်ပြီး တာတိုပစ် လောင်စာဆီသုံး ပဲ့ထိန်းဒုံးကျည်ဖြစ်သည်။
နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှုများဖြစ်ပေါ်နေသည့် ကတ်ရှ်မီးယားဒေသ ပါဟယ်ဂမ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး စစ်ရေးအရ တင်းမာနေသော နျူကလီးယားပိုင်နိုင်ငံနှစ်နိုင်ငံဖြစ်သည့်အတွက် အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် ဒေသတွင်း စိုးရိမ်မှုကို ပိုမိုမြင့်တက်နေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews