(ပြည်တွင်း) မေ ၃

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဒီဇယ် မက်ထရစ်တန် ၁၈၀၀၀ လွှဲပြောင်း လက်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြိုနယ်၊ Brighter Energy ဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းလက်ခံရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသည့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးကိစ္စများတွင် အသုံးပြုရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews