မြစ်ကြီးနားမြို့ လေယာဉ်ကွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်


(ပြည်တွင်း) မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းအတွင်းရှိ အရေးကြီးအဆောက်အဦများအား ထိခိုက်ပျက်စီးစေရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြံအစည် များဖြင့် KIA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့် အဖွဲ့များနှင့် အကြမ်းဖက်သမား PDF များက ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာနေရာသို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် နေရာနှင့်အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီး ရမိရေးလိုအပ်သည့် မေးမြန်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN