မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ရုရှားနိုင်ငံသားတစ်ဦးနှင့် တောင်ကိုရီးယားနိုင်ငံ သားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့


(ပြည်တွင်း) မေ ၁

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊မြဝတီမြို့-ကျောက်ခတ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံသားတစ်ဦးနှင့် တောင်ကိုရီး ယားနိုင်ငံသားတစ်ဦးတို့ကို ယမန်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် စာရင်းဇယားများ မှန်ကန်ပြည့်စုံစေရေးနှင့် ၎င်းတို့၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ ပြည်နှင် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရား မဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၄၅ ဦးကို စစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၇၅၈၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျပြည်နှင် လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၄၆၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် နှင့်ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှု များရှိလာသည့်အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အပါအဝင် အွန်လိုင်း ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့်နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်း ပြီးထိန်းသိမ်းစစ်ဆေးလွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် များအလိုက် တာဝန်ရှိသူအဆင့်ဆင့်တို့က လည်းအွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကိုပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN