(နိုင်ငံတကာ) ဧပြီ ၂၆

ယူကရိန်းနိုင်ငံက ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များပါဝင်သည့် အဆိုပြုချက်အသစ်ကို အမေရိကန် ပြည်ထောင်စုသို့ ပေးအပ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းသတ်မှတ် ချက်များထဲတွင်၎င်းအတွက် လုံခြုံရေးအာမခံချက် နှင့် ရုရှားထံသို့ဆုံးရှုံးသွားသောနယ်မြေကိုလဲလှယ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားသည်။
ထို့ပြင် ယူကရိန်းတို့၏အစီအစဉ်တွင် အချက်ငါးချက်ပါဝင်ကြောင်း၊ ပထမဆုံး အချက်မှာ ခရိုင်းမီးယားဒေသကိုသာမက ရုရှားနိုင်ငံနှင့်ပေါင်းစည်းသွားသည့်ဒေသများကိုပါ စွန့်လွှတ်မည့် အကြောင်းကို ရေးသားဖော်ပြထားကြောင်း၊ တစ်ချိန်တည်းမှာပင် ယူကရိန်းကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံ အတွက် ရှင်းလင်းပြီးသေချာမှုရှိသည့် လုံခြုံရေးအာမခံချက်ကိုပေးရန် တောင်းဆိုထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ယူကရိန်း က တပ်မတော် သို့မဟုတ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း၏အရွယ်အစားကိုလျှော့ချရန် ဆန့်ကျင်ထားပြီး ရုရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များအတွက် အန္တရာယ်တစ်ခုဖြစ်သည်ဟု အမေရိကန်သို့ ပေးသောစာ၌ ဖော်ပြထားသည်။
ယင်းမတိုင်မီက အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းငြိမ်းချမ်းရေးအတွက် အချက်ခုနစ်ချက် ပါသော အစီအစဉ်ကို တင်ပြခဲ့ရာ ထိုအထဲတွင်ချက်ချင်းအပစ် အခတ် ရပ်စဲရန်၊ ရုရှားနှင့် ယူကရိန်း တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ခရိုင်းမီးယားနှင့်ဒေသအချို့ကို ရုရှားနိုင်ငံပိုင်အဖြစ် သတ်မှတ်ရန် ပါဝင်သည်ဟု Tass သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews