(နိုင်ငံတကာ) ဧပြီ ၂၆

အိန္ဒိယနဲ့ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကြား နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်မှာ ဧပြီလ ၂၅ ရက် က အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုများဖြစ်ပွားချိန်သည် ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲနဲ့ ၂ နာရီခွဲကြား ဖြစ်ပြီး ကက်ရှမီးယားဒေသရှိ လီပါနယ်မြေမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေကပြောသည်။
လက်ရှိအချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း သိရသည်။
ယခုကဲ့သို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းမှာ နယ်စပ် ထိန်းချုပ်မျဉ်းတစ်လျှောက်တွင်ရှိသည့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး အိန္ဒိယနိုင်ငံဘက်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင်း အိန္ဒိယဘက်မှလည်း တုံ့ပြန် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ အိန္ဒိယတပ်မတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနှင့်ပတ်သက်ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများဖြစ် သည့် အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့အနေဖြင့် တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်သည်းခံကြရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။
အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားဆက်ဆံရေးသည် ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် အဆိုးရွားဆုံးအဆင့်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews