(ပြည်တွင်း) ဧပြီ ၂၆

ငလျင်ဘေးဒဏ်နှင့် မီးဘေးဒဏ်တို့ကို တပြိုင်နက်တည်း ခံစားထားရသည့် မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်သဘင်အခမ်းအနားကို လာမည့်အောက်တိုဘာလတွင် စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းဖြင့် ကျင်းပသွားနိုင် စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။
အဆိုပါ မန္တလေးတက္ကသိုလ်ရာပြည့်သဘင် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေး တက်ရောက်လာသူများ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ အားလုံး၏ စုပေါင်းအားလုံး က ကဏ္ဍအလိုက် ညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ပြောကြားခဲ့ပါတယ်။
အင်အားပြင်းငလျင်ကြီးကြောင့် မီးဘေးသင့် ပျက်စီးခဲ့တာဖြစ်သည့် အဆိုပါမန္တလေးတက္ကသိုလ်ရှိ ပင်မအဆောက်အုံကြီးသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လ ၂၂ ရက်က နှစ် ၁၀၀ ပြည့်ခဲ့သလို မန္တလေးတက္ကသိုလ်ကလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews