ငလျင်ဘေးသင့်ပြည်သူများအတွက် နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ်လှူဒါန်းပစ္စည်းများရောက်ရှိ


(ပြည်တွင်း) ဧပြီ ၂၆

တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ဆေးရုံမှ ငလျင်ဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် လှူဒါန်းသော ယွမ် ၂၁၃,၁၉၈ တန်ဖိုးရှိ ဆေးပစ္စည်းများကို နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်မှတစ်ဆင့် ဆက်လက်ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါလှူဒါန်းပစ္စည်းများကို The first Affiliated Hospital of Guangxi Medical University မှ ဒုတိယအကြိမ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၂ ရက်တွင် မြန်မာ ကောင်စစ်ဝန်ချုပ်မှ လက်ခံရယူခဲ့ပြီး ဧပြီလ ၂၄ ရက်တွင် နန်နင်းမြို့မှ ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လှူဒါန်းပစ္စည်းများသည် ၄ ဒသမ ၉ တန်ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ ဧပြီလ ၂၅ ရက်တွင် ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးပို့လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN