လက်နက်ခဲယမ်းသယ်ယူနေတဲ့ PDF မော်တော်ယာဉ်တွေ ဗုံးကျဲရှင်းလင်းခံရ


(ပြည်တွင်း) ဧပြီလ ၂၅

အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တိုက်ခိုက်မှုတွေမှာအသုံးပြုမယ့် လက်နက်ခဲယမ်းတွေသယ်ယူနေတဲ့ အကြမ်းဖက် PDF တွေရဲ့မော်တော်ယာဉ်တွေကို ပါရာမော်တာတွေက ဗုံးကြဲရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီးနဲ့ နတ်ကြီးကျေးရွာတွေမှာ လက်နက်ခဲယမ်းသယ်ယူနေတဲ့ PDF အကြမ်းဖက်တွေရဲ့ မော်တော်ယာဉ်တွေကို လေထီးတပ်ယာဉ်(Paramotor)နဲ့ ဗုံးကျဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျဲရှင်းလင်းမှုကို ဧပြီ ၂၄ ရက်နေ့ ည ၈ နာရီဝန်ကျင်မှာ တကြိမ်၊ ဧပြီ ၂၅ ရက်နေ့ ဒီနေ့မနက် ၈ နာရီဝန်ကျင်မှာတစ်ကြိမ် ဗုံးကြဲရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“အသေအပြောက်တော့ရှိလောက်တယ် လောင်စာဆီပေပါတွေကလည်း ပေါက်ကွဲကုန်တယ်။ ဘယ်လောက်သေဆုံးတယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူး လေကြောင်းတိုက်ခိုက်မှုက ဆက်လက်လုပ်ဆောင်နေတုန်းပဲ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

NUGI CRPH တွေရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ ရုံးဌာနအဆောက်အတွေ စာသင်ကျောင်းတွေ၊ အများပြည်သူနေထိုင်တဲ့နေအိမ်တွေ၊ လမ်း၊ တံတားတွေကို မီးရှိဖျက်ဆီးတာ၊ မိုင်းထောင်ဖောက်ခွဲတာတွေ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ပြည်သူလူထုကို ပြန်ပေးဆွဲ သတ်ဖြတ်တာတွေကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့လုပ်ဆောင်နေသလို အမျိုးသားဥယျာဉ်သစ်တောအတွင်းမှာလည်း အကြမ်းဖက် PDF အဖွဲ့က တပ်ရင်းမှူးတွေကိုယ်တိုင် လွှဝိုင်းသစ်စက် တွေထောင်ကာ အဖိုးတန် ပိတောက်သစ်၊ ကျွန်းသစ်တွေကို မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း နေ့စဉ် သစ်မှောင်ခိုကား အစီးရေ ၁၀၀ နီးပါးခိုးထုတ်နေကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN