
(နိုင်ငံတကာ) ဧပြီ ၂၄
ဟားမတ်စ်အဖွဲ့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွက် တာဝန်ယူတာဝန်ခံသည့်အနေဖြင့် ၎င်းတို့၏ လက်နက်များကို ပါလက်စတိုင်းလုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေး၍ ထိုအဖွဲ့ကိုနိုင်ငံရေးပါတီအဖြစ်သာ ပြောင်းလဲ ဖွဲ့စည်းရန် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်က ဧပြီလ ၂၃ ရက် တွင်ပြောသည်။
ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးကို တိုက်ခိုက်ခြင်းသည် အစ္စရေးအနေဖြင့် ဂါဇာကို ချေမှုန်းရန် အခွင့်ကောင်းရသွားစေသောကြောင့် ထိုတိုက်ခိုက်မှုကို အပြစ်တင်ဝေဖန်ကြောင်း မာမွတ်အဘတ် က ပြောထား သည်။ ဟားမတ်စ်အဖွဲ့သည် အမေရိကန်နှင့် အစ္စရေးတို့၏တောင်းဆိုချက်ဖြစ်သော လက်နက်များကို လွှဲပြောင်း ပေးရန် တောင်းဆိုချက်ကိုလည်း အစောပိုင်းတွင် ငြင်းပယ်ထားသည်။
ထို့အတူ မာမွတ်အဘတ်က အစ္စရေးနှင့် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းနေခြင်းသည် အနောက်ဘက်ကမ်းဒေသရှိ စစ်သွေးကြွအဖွဲ့များကို ချေမှုန်းရန် လုပ် ဆောင်နေခြင်းသာ ဖြစ်ကြောင်း ပြောထားသည်ဟု RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။