(မှုခင်း) ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ မွန်းလွဲ၃နာရီခွဲကျော်အချိန်က မုံရွာ-မန္တလေးလမ်းမကြီး ခင်မွန်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ချောင်းဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး သေဆုံးခဲ့ပြီးကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိတို့အား မြန်မာနိုင်ငံကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရွှေမြင့်မိုရ်ဆေးရုံနှင့် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN