
(ပြည်တွင်း) ဧပြီ ၂၃
တအောင်းပလောင်သောင်းကျန်းသူ TNLA တပ်မဟာ (၆)နယ်မြေဖြစ်တဲ့ မိုင်းယော်မြို့နယ် လွယ်လင်ကျေးရွာအုပ်စုမှာ မပေါက်ကွဲပဲကျန်နေတဲ့ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့လို့ (၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
TNLA ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကို မန်ကန်ရွာက အမျိုးသား (၂)ဦး ယူဆော့ရာကနေ ပေါက်ကွဲခဲ့ကာ(၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ခဲ့သည့် ဧပြီလ (၁၈)ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပျောက်ဆုံးနေတဲ့နွားကို လိုက်လှံရှာဖွေနေတဲ့ မိသားစုဝင် (၂)ဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့ပြီး ယူဆော့ရာကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် (၄၅)နှစ်အရွယ် ဦးခမ်းဆာ(ဖခင်) ပွဲချင်းပြီးသေဆုံးကာ အသက် (၁၈)နှစ်အရွယ်သားဖြစ်သူ မိုင်းအောင်ဆာက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။