(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၇×၁၂၈ လမ်းကြား၊ ၅၅ လမ်းရှိနေအိမ်၌ ယမန်နေ့ည ၉ နာရီအချိန်ခန့်က လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း သိရသည်။

အောင်မြေသာဇံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းမှ ဖမ်းဆီးရမိတရားခံ ဝင်းနိုင်ထွန်း၊ ၄၅ နှစ်၊ (ဘ)ဦးစန်းလွင်၊ ယာဥ်မောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၇×၁၂၈ လမ်းကြား၊ ၅၅ လမ်းတွင် နေထိုင်သူအားစစ်ဆေးရာ ၎င်း၏နေအိမ်၌ သေနတ်အတို ချက်နိုင်ငံထုတ် CZ2075 RAMI P9×19 အမျိုးအစား သေနတ်(၁)လက်နှင့် ကျည်အိမ်(၁)ခု၊ ၎င်းကျည်(၄၉)တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံ၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ လက်နက်ခဲယမ်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews