(ပြည်တွင်း) ဧပြီ ၂၂

အင်အားပြင်းမန္တလေးငလျင်ကြောင့် မန္တလေးတက္ကသိုလ်က အဖြလွှာတွေ မီးလောင်ခဲ့တဲ့အတွက် မန္တလေး၊ ကချင်၊ စစ်ကိုင်း၊ နေပြည်တော်စတဲ့ဒေသတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ပြန်လည်ဖြေဆိုရမယ်လို့ နစက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တာကြောင့် ပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒေသ၄ခုက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမဲ့အချိန်စာရင်းနဲ့ပတ်သတ်သက်ပြီး ဇွန်လ ၁၆ ရက်နေ့က မြန်မာစာ၊ ၁၇ ရက်မှာ အဂ်လိပ်စာ၊ ၁၈ ရက်မှာ သချာ်၊ ၁၉ ရက်မှာ ဓာတုဗေဒနဲ့ ပထဝီ၊ ၂၀ ရက်နေ့မှာ ရူပဗေဒနဲ့သမိုင်း၊ ၂၁ ရက်နေ့မှာ ဇီဝဗေဒနဲ့ဘောဂဗေဒတွေကို ပြန်လည် ဖြေဆိုရမှာဖြစ်ပါတယ်။
မီးလောင်ပျက်စီးမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ပြန်လည်ဖြေဆိုရမည်ဆိုရမယ့် အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါသေးတယ်။
စာမေးပွဲ ဖြေဆိုရမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေထံမှာ ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်း ထုတ်ယူရမှာဖြစ်တယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ကြေညာထားတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews