
(နိုင်ငံတကာ) ဧပြီ ၂၂
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် အီဂျစ်လေတပ်တို့သည် “Eagles of Civilization 2025” အမည်ရှိ ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှုအား အီဂျစ်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။
ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံပိုင်သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ လေတပ်၏ J-10C နှင့် J-10S တိုက်လေယာဉ်များ၊ YU-20 ဝေဟင်ဆီဖြည့် လေယာဉ်ကြီးများနှင့် အီဂျစ်လေတပ်မှ Mig-29 ဂျက်တိုက်လေယာဉ်များပါဝင်ခဲ့ကြောင်းသိရသည်။
ထို့အပြင်အဆိုပါ လေ့ကျင့်မှုတွင် တရုတ်လေတပ်၏ ကြိုတင်သတင်းအချက်အလက်များပေးပို့နိုင်သည့် ထိန်းချုပ် ကွပ်ကဲရေးလေယာဉ်ကြီးဖြစ်သည့် KJ-500 ကိုလည်း ထည့်သွင်းလေ့ကျင့်စေခဲ့သည်။
တရုတ်နှင့် အီဂျစ်နိုင်ငံတို့၏ သဘောတူညီမှုများအရ “Eagles of Civilization 2025” ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား လာမည့် မေလဆန်းပိုင်းအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews