(နိုင်ငံတကာ) ဧပြီ ၂၂

ချင်းမိုင်ခရိုင်၊ ချန်ဖော့အရပ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ မယ်ဟောင်ဆောင်ခရိုင်ရှိ KNU တပ်ဖွဲ့ထံ ပို့ဆောင်မည့် သေနတ်နှင့် ကျည်များအားဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြကြောင်း သိရသည်။

ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road)ပေါ်တွင် တိုယာတာပစ်ကပ် အနက်ရောင်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေရာ KNU တပ်ဖွဲ့ထံသို့ ပေးပို့မည့် သေနတ်နှင့် ကျည်များဖမ်းမိခဲ့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ကားပေါ်တွင် ထိုင်းအမျိုးသား ၂ ဦးဖြစ်သည့် ခရိုင်ဖတ်၊ အသက် ၂၈ နှစ်နှင့် ခီတီပေါ့၊ အသက် ၂၇ နှစ် တို့ကို ၅.၅၆ မမ AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခု၊ ၄၀ မမပစ် လောင်ချာ ၁၄ လက်တို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ထိုင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ကနဦးစစ်ဆေးရာ ချင်းမိုင်ခရိုင်၊ ချန်ဖော့အရပ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ မယ်ဟောင်ဆောင်ခရိုင်ရှိ KNU တပ်ဖွဲ့ထံသို့ ဘတ် ၈ ထောင်မှ ၉ ထောင်အထပေး၍ ပို့ဆောင်ခိုင်းခြင်းဖြစ်ပြီး၊ ယခုအကြိမ်မှာ ၃ ကြိမ်မြောက် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူများကို စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews