ကမ္ဘာ့အဆင့် (၁) ဆာဘာလန်ကာ ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဂျီလီနာ


(အားကစား) ဧပြီ ၂၂

ဧပြီလ ၂၁ ရက်က ကစားခဲ့တဲ့ စတုဂတ်အိုပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆာဘာလန်ကာ ကို အဆင့် (၂၄) ဂျီလီနာ က အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျီလီနာ က ဆာဘာလန် ကို အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားနိုင်ခဲ့ကာ ၆-၄၊ ၆-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၅ ရဲ့ ပထမဆုံးတစ်ကိုယ် တော်ဆုဖလားကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆုဖလားဟာ ဂျီလီနာ အတွက် ကစားသမားဘဝ ကိုးကြိမ်မြောက်ဆုဖလားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျီလီနာ ဟာ 2017 French Open Grand Slam နောက်ပိုင်း ရွှံ့စေးကွင်းပေါ်မှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂျီလီနာ က ကွာတားဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် (၂) ဆွီယာတက်စ် ကို အနိုင်ရရှိကာ တက်ရောက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ဂျီလီနာ က ဆာဘာလန် ကို အနိုင်ရပြီးနောက် WTA အဆင့်မှာ အဆင့် (၁၈) သို့ တက်ရောက်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN