မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည်


(အားကစား) ဧပြီ ၂၂

၂၀၂၅ -၂၀၂၆ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီလ ၂၂ ရက်မှာ ပြန်လည်စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးလိဂ်ကော်မတီက အသိပေးထားပါတယ်။

ယခင်က ဧပြီလ ၁ ရက်မှာ ကျင်းပရန် စီစဉ်ထားပေမယ့် မန္တလေးနှင့် စစ်ကိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲရဲ့ ပွဲစဉ် (၁) မှာ ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိ ချန်ပီယံ ISPE ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN