(နိုင်ငံတကာ) ဧပြီ ၂၁

အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး လာမည့်သီတင်းပတ်တွင် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ ပြုလုပ်ရန် အမေရိကန်နှင့်အီရန်တို့ သဘောတူခဲ့ကြကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဘာ့စ် အရာဂ်ချီ တို့သည် ဧပြီလ ၁၉ ရက်က အီတလီနိုင်ငံ ရောမမြို့တွင် တွေ့ဆုံခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် ဧပြီလ ၁၉ ရက် မတိုင်မီကလည်း အိုမန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အမေရိကန်နိုင်ငံက နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းမှ တားဆီးရန် အီရန်၏နျူကလီးယား အစီအစဉ်ကိုကန့်သတ်ရန် ကြိုးပမ်းလျက်ရှိသည်။
အီရန်နိုင်ငံက နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းစွာအသုံးပြုရန် အတွက်ဖြစ်ကြောင်းနှင့် အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန် တောင်းဆို ထားသည်။
ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ရပ်အတွက် အခြေခံမူဘောင်ရေးဆွဲနိုင်ရန် ဧပြီလ ၂၃ ရက်တွင် ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ်အရာဂ်ချီ က ပြောကြားသည်။
ထို့အပြင် ညှိနှိုင်းဆွေးနွေးသူများသည် ထိပ်တန်းအဆင့် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဧပြီလ ၂၆ ရက် တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အမေရိကန်အနေဖြင့် အီရန်၏ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုကို မည်မျှအထိ ကန့်သတ်သွားနိုင်မည်လဲ ဆိုသည့်အပေါ် စိတ်ဝင်စားစွာ စောင့်ကြည့်နေကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews