(နိုင်ငံတကာ) ဧပြီ ၂၁

ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးက အီစတာအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ထိုသို့ကြေညာ ပြီးနောက် ၂၄ နာရီအတွင်း ယူကရိန်းဘက်က အဆိုပါ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုအကြိမ်ရေ ၁,၃၀၀ ကျော် ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်တွင်ထုတ်ပြန်သည်။
အီစတာအပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၁၉ ရက် မော်စကိုစံတော်ချိန် ည ၆ နာရီမှစ၍ ဧပြီလ ၂၁ ရက် ညသန်းခေါင်အထိသတ်မှတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က အစောပိုင်းတွင်ပြောထားသည်။
တစ်ချိန် တည်းမှာပင် ရုရှားတပ်စခန်းများအနေဖြင့် အသင့်အနေအထားရှိရန်နှင့် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများ ရှိလာပါက လက်တုံ့ပြန်သွားရန် ပူတင်က ညွှန်ကြားထားသည်။
ထိုသို့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားစဉ်မှာပင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံပိုင် ဒန်းညက် ဒေသရှိ ရုရှားစစ်စခန်းများကိုတိုက်ခိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း၊ သို့သော် ယူကရိန်း၏ အဆိုပါကြိုးစားမှု များကို ဟန့်တားချေမှုန်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။
ယူကရိန်းအနေဖြင့် ရုရှားစစ်စခန်းများကို အမြောက်များ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်မှု ၄၄၄ ကြိမ်ရှိကြောင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုသည် အကြိမ်ရေ ၉၀၀ အထိ ရှိကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews