(ပြည်တွင်း) ဧပြီ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာထောင်ထားတဲ့ ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA ရဲ့အလံတွေကို ဒီနေ့မနက်ပိုင်းကစပြီး ဖြုတ်သိမ်းနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

လားရှိးမြို့လယ်က မြို့တော်ခန်းမရှေ့ အဝိုင်းပတ်မှာ စိုက်ထူထားတဲ့ ကိုးကန့်အလံများကို ဖြုတ်ချနေတာတွေမြင်ခဲ့ရသလို တချို့နေရာက အလံတွေလည်း ဖြုတ်သိမ်းနေတာမြင်ရတယ်လို့ လားရှိုးကိုပြန်ရောက်နေတဲ့မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။
“အဝိုင်းကအလံတွေဖြုတ်သွားပြီး။ ဌာနဆိုင်ရာရှေ့မှာထောင်ထားတဲ့အလံတွေလည်းမရှိတော့ဘူး။ မြို့ထဲတွင်တော့ ပုံမှန်အတိုင်း သွားလာနေကြတယ်။ မြို့ပေါ်မှာတော့ MNDAA မရှိတော့ ဆုသွားကြပြီ။ မြို့ကိုအပြည့်အဝပြန်ထိန်းချုပ်လိုက်ပြီလို့ပြောလို့ရပြီ။ အစိုးရရုံးတွေပြန်မဖွင့်နိုင်သေးတာပဲရှိတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
လားရှိုးမြို့က MNDAA အကြမ်းဖက်အဖွဲ့တွ ဒီနေ့ဧပြီ ၂၁ ရက်နေ့မှာ အပြီးဆုတ်ခွာမယ်လို့ ပြောဆိုထားမှုတွေရှိနေပေမယ့် နှစ်ဖက်စလုံးမှ တိကျသေချာတဲ့ ကြေညာချက်များထုတ်ပြန်ခဲ့တာတော့မရှိသေးပါဘူး။
ဒေသခံများ၏ ပြောကြားချက်အရ မြိုအဝင်အထွက်တွေမှာတော့ လမ်းကြောင်းရှိရင် ယာယီပိတ်တတ်တာကလွဲလို့ ထူးထူးခြားခြားတော့မှမရှိပါဘူးလို့ဆိုပါတယ်။
ကိုးကန်အကြမ်းဖက် MNDAA တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ (၃) ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို နောက်ဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ကို ထိန်းချုပ်ထားလိုက်တာဖြစ်ပါတယ်။
#PAN