(ပြည်တွင်း) ဧပြီ ၂၁
AA အကြမ်းဖက်သမားတွေဟာ ငပလီကမ်းခြေတလျောက်မှာရှိတဲ့ ဂေါ့နှင့်ဂျိတ်တောကျေးရွာအုပ်စုတွေက ဟိုတယ်တွေနဲ့ အိမ်တွေ၊ သူတို့ထိန်းချုပ်ထားတဲ့ တပ်ရင်း ၅၆၆ မှာ အဓိကအခြေချနေထိုင်နေပြီး မြို့ပေါ်က ဘယ်သူ့ကိုမှ သံတွဲ -ငပလီကားလမ်းပေါ်က နန်းချောင်းကျေးရွာမှကျော်ပြီး သွားလာခွင့်မပြုထားဘူးလို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

AA အကြမ်းဖက်တွေဟာ လူမရှိတဲ့ရုံးတွေ နေအိမ်တွေနဲ့ ဘုန်းတော်ကြီး ကျောင်းတွေက ပစ္စည်းတွေကို ယူဆောင်သွားပြီး ရသမျှစျေးနဲ့ရောင်းချနေတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ရခိုင်အကြမ်းဖက်သမားတွေ သံတွဲမြို့ကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အချိန်ကတည်းက မြို့ပေါ်မှာပိတ်မိနေတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အသက် ၁၂/၁၃ ကလေးငယ်တွေကို မြို့ထဲကနေမထွက်ဖို့ သံတွဲမြို့အဝင်မှာဂိတ်တွေဖွင့်ပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
သံတွဲမြို့အတွင်းက ပြည်သူတွေ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့သားသမီးတွေကို တစ်ဦးကို တစ်လ ၃ သောင်းကျပ်ပေးပြီး AA အကြမ်းဖက်တွေက ရခိုင်သမိုင်းဆိုပြီး အစွန်းရောက်လူမျိုးရေးဝါဒများရေးသားထားသည့် စာများအား သင်ကြားနေတယ်လို့ သိရပါတယ်။
သံတွဲ၊တောင်ကုတ်၊ဂွမြို့နယ်တွေက ဒေသခံတစ်ချို့ဟာ မြို့တွင်းကိုပြန်လည်ဝင်ရောက်လာပေမယ့် AA အကြမ်းဖက်တွေက အသက် ၁၈ နှစ်က ၄၅နှစ် အမျိုးသား၊ အမျိုးသမီးတွေကို စစ်သင်တန်း ၄၅ ရက် အဓမ္မစေခိုင်းနေတာကြောင့် ပြည်မဖက်ကိုပြန်လည်တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
#PAN