(ပြည်တွင်း) ဧပြီ ၂၁
MNDAA ဆုတ်ခွာသွားတဲ့ လားရှိုးမြို့မှာ MNDAA ရဲ့ လက်ကျန်မိုင်း ၃ လုံး တစ်နေ့တည်းပေါက်ကွဲသွားခဲ့လို့ အသက် ၄၀ ကျော်ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ဘယ်ဘက် ခြေထောက်ပျက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဟာ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး လားရှိုးမြို့ နဲ့ ညပိုင်း တွေမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သာသနာ ၂၅၀၀ ဘက်နဲ့ တပ်စခန်းကုန်းဘက်မှာဖြစ်တာပါ။ နေ့ခင်းပိုင်းနဲ့ညပိုင်းမှာပေါက်ကွဲတာ။ ကိုးကန့်တွေဆုတ်သွားတော့ ပိုင်ရှင်မဲ့နေတဲ့ပစ္စည်းဝင်ဆွဲကြတဲ့သူတွေထိကြတယ်။ အသက် ၅၀ လောက်ရှိတဲ့ တရုတ်တစ်ယောက် ခြေပြတ်တယ်။ သွားကယ်မယ်ကယ်ဆယ်ရေးသမားကို ကိုးကန့်ရဲတိုင်မယ်ဆိုလို့ ပြန်ပေးလာရတယ်” လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။
လားရှိုးမြို့မှာ တပ်မတော်၊ တရုတ်နဲ့ (MNDAA) အကြမ်းဖက်အဖွဲ့တို့ တတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးနေကြပြီး လားရှိုးမြို့နယ်၊ ရှန်ခိုက်၊ ကုန်းညောင် ကျေးရွာတွေမှာ နေရာယူထားတဲ့ (MNDAA) အကြမ်းဖက်အဖွဲ့တွေဟာ သူတို့ဖွင့်ထားတဲ့ ဂိတ်တွေကို ဖြုတ်သိမ်းပြီး သီပေါမှ လားရှိုးသို့အဝင် မြို့ရှောင်လမ်းခွဲ၊ (ယခင် တပ်မတော်နှင့်ဌာနစုံ ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာမှာ အုတ်တွေနဲ့ အခိုင်အမာတည်ဆောက်နေတာကို မြင်တွေ့ရတယ်လို့လည်း ဒေသခံတစ်ဦးက PAN ကို ပြောပါတယ်။
“မနေ့က တပ်မတော်ရယ် တရုတ်ကိုယ်စားလှယ်နဲ့ (MNDAA) အကြမ်းဖက်အဖွဲ့တွေ ခမရ(၅၀၇)ဖက်သို့ မော်တော်ယာဉ်တန်းနဲ့သွားတာတွေ့ရတယ်။ ဒီနေ့မနက် ကိုးကန့်အလံတွေတော့ဖြုတ်သွားပြီ၊မြို့ထဲမှာတော့ အေးအေးဆေးဆေးပဲ” လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့မှာ မူးယစ်ဆေးသုံးစွဲသူတွေဟာ MNDAA တွေဝင်ရောက်နေထိုင်နေတဲ့နေအိမ်တွေထဲက ပစ္စည်းတွေကို လိုက်လံယူဆောင်နေကြပြီး MNDAA ကျန်ခဲ့တဲ့ မိုက်းတွေကြောင့် ဧပြီ ၂၀ ရက် တစ်ရက်တည်းတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
#PAN