(ပြည်တွင်း) ဧပြီ ၁၀

အင်ဂျင်နီယာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းပညာဆိုင်ရာ သတင်းအချက်အလက်စင်တာ (Technical Information Center for Disaster Management) ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။
အဆိုပါစင်တာကို အခန်းအမှတ် (L7-02) မှာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတိုင်း ဖွင့်လှစ်ထားကြောင်း အသိပေးကြေညာထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ဖြစ်ပေါ်ခဲ့သော ငလျင်ကြီးနှင့် စပ်လျဉ်း၍ ငလျင်ဒဏ်သင့် အဆောက်အဦများ စစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ စစ်ဆေးရေးအဖွဲ့များအနေနဲ့ စနစ်တကျ စံသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းစဉ်များချမှတ်နိုင်ရေးနှင့် လက်တွေ့လုပ်ငန်းခွင်မှာ ထိရောက်စွာစစ်ဆေး နိုင်ရေးအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့မှ ကူညီဆောင်ရွက် ပေးလျက်ရှိပါတယ်။
အင်ဂျင်နီယာကောင်စီရုံး မြေငလျင်ဒဏ်သင့်ဒေသများမှ အင်ဂျင်နီယာများအနေနဲ့ မိမိတို့ဒေသများမှာ စစ်ဆေးလျက်ရှိတဲ့ အဆောက်အဦများနှင့် စပ်လျဉ်း၍ သိရှိလိုပါက ဆက်သွယ်မေးမြန်း နိုင်ကြောင်း အသိပေးထားပြီး Center အနေဖြင့် မြေငလျင်ဒဏ်သင့် အဆောက်အအုံများ စစ်ဆေးရာတွင်လိုအပ်သော အကြံပေးကူညီမှုများကိုသာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆက်သွယ်လိုပါက ဖုန်း 01-2316897၊ 09-668867630 သို့ ဆက်သွယ်နိုင်ပြီး disastermanagementinfo 2025@gmail.com၊ mengc.reg.section@gmail.com သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews