
( ပြည်တွင်း) ဧပြီ ၁၀
ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပင်လုံဆေးရုံကြီးပြိုကျပျက်စီးခဲ့ရပါတယ်။
အဆိုပါငလျင်ဒဏ်သင့်နေရာများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရှင်းလင်းရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဧပြီလ ၉ ရက်မှာ အရေးကြီးစာရွက်စာတမ်းများ၊ ငွေသားများ၊ လက်ဝတ်ရတနာ များနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ဆေးရုံအုပ်နှင့် တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်နှံခဲ့တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမဟာမြတ်မုနိဘုရားကြီးမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ စေတနာများလှူဒါန်းထားတဲ့ အဖိုးတန် ရတနာများကိုလည်း တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။