ဒိုမီနီကန်တွင် နိုက်ကလပ်ပြိုကျပြီး လူတစ်ရာကျော်သေဆုံး


(နိုင်ငံတကာ) ဧပြီ ၁၀

ဒိုမီနီကန်နိုင်ငံတွင် ပြီးခဲ့သည့် အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် တစ်နာရီခန့်တွင် နိုက်ကလပ်ပြိုကျမှုဖြစ်ပေါ်ကာ လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

ဂျတ်စက်အမည်ရှိ အဆိုပါကလပ်တွင် လူကြိုက်များသည့် အဆိုတော်တစ်ဦးဖြစ်သည့် Rubby Perez ၏ ဖျော်ဖြေမှုရှိခြင်းကြောင့် ဧည့်သည်အများအပြား လာရောက်စဉ် အမိုးများပြိုကျခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဒေသတွင်းကယ်ဆယ်ရေးသမား ရာနှင့်ချီ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး သေဆုံးသူ ၁၂၄ ဦး ဒဏ်ရာရရှိသူ ၁၅၀ ဦးအထိရှိကြောင်းသိရသည်။

အာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန်အချိန်မှာ အနည်းဆုံး ၂၄ နာရီနှင့် အများဆုံး ၃၆ နာရီသာ ကျန်ရှိတော့ကြောင်း လူအများအပြားသေဆုံးစေခဲ့သည့်အတွက် စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN