ONE Friday Fights 105 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် မြန်မာဖိုက်တာ သန့်ဇင်


(အားကစား) ဧပြီ ၉

လာမည့် ဧပြီလ ၁၈ ရက်မှာ ကျင်းပမယ့် ONE Friday Fights 105 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ် တို့ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။

ONE Friday Fights 105 ပြိုင်ပွဲကို လာမယ့်ဧပြီလ ၁၈ ရက်မှာ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ONE Championship က ONE Friday Fights 105 ပြိုင်ပွဲအတွက် မြန်မာဖိုက်တာ သန့်ဇင်နှင့် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာ ပတ်ဆူခမ်ဗစ် တို့တွဲဆိုင်းကို ပထမဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခြားတွဲဆိုင်းများကို ထုတ်ပြန်ကြေညာ ခြင်းမရှိသေးပါဘူး။

Telegram»…
https://t.me/positiveanglenews

PAN