(မှုခင်း) ဧပြီ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသော အပြစ်မဲ့ရပ်သားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖြစ်ဉ်တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာ၊ ရင်းငြိမ်တံတားကြီးအနီးရှိ “အသေးလေး”လ္ဘက်ရည်ဆိုင်အတွင်းထိုင်နေသော အမျိုးသား ၁ ဦးအား အကြမ်းဖက် PDF အဖွဲ့များမှ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် PDF အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူမှာ ဦးငြိမ်းမျိုးဦး၊ ၄၀ နှစ်၊ ရင်းငြိမ်မြောက်ကျေးရွာ၊ ပေါင်မြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ရင်းငြိမ်မြောက်ကျေးရွာ၊ ရင်းငြိမ်တံတား ကြီးအနီးရှိ “အသေးလေး”လ္ဘက်ရည်ဆိုင်အတွင်းထိုင်နေစဉ် အမျိုးသား ၅ ဦးခန့် (စိစစ်ဆဲ)တို့သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ယာဉ်အမှတ်(စိစစ်ဆဲ) Probox အဖြူရောင်ယာဥ် ဖြင့် သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာဘက်မှရောက်ရှိလာပြီး ဦးငြိမ်းမျိုးဦး အား ဖမ်းဆီးခေါ်ဆောင်၍ ၎င်းစီးနင်းလာသော ဆိုင်ကယ်အမှတ်(စိစစ်ဆဲ)ကလစ်ဘီးအား ယူဆောင်ပြီး ဝင်းစိန်ကျေးရွာ ဘက်သို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့များက မကြာခဏဆိုသလို အပစ်မဲ့ပြည်သူများကို ဒလန်ခေါင်းစဉ်တပ်၍ ဖမ်းဆီးသတ်ဖြတ်မှုများရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews