ကုန်သွယ်မှုစစ်ပွဲကြောင့် IPhone ကို အမေရိကန်တွင် ထုတ်လုပ်မည်ဆိုပါက ဒေါ်လာ ၃၅၀၀ အထိ ဈေးမြင့်နိုင်


(နိုင်ငံတကာ) ဧပြီ ၉

ကုန်သွယ်မှုစစ်ပွဲကြောင့် တရုတ်အား မှီခိုနေရသည့် IPhone ကို အမေရိကန်တွင် ထုတ်လုပ်မည်ဆိုပါက တစ်လုံးလျင် ဒေါ်လာ ၃၅၀၀ အထိ ဈေးမြင့်တက်နိုင်ကြောင်းသိရသည်။

သမ္မတထရမ့်အနေဖြင့် IPhone ကဲ့သို့ တရုတ်အား မှီခိုနေရသည့် အမေရိကန်နည်းပညာ ကုမ္ပဏီများအား အမေရိကန်သို့ ပြန်လည်အခြေပြုရန်ဆန္ဒရှိကြောင်းသိရသည်။

အမေရိကန်နည်းပညာကုမ္ပဏီသည် ယခင်က IPhone တစ်လုံးလျင် ဒေါ်လာ တစ်ထောင်ခန့်ဖြင့် ဈေးကွက်သို့ ဖြန့်ချီနေသော်လည်း အမေရိကန်တွင် ပြန်လည်အခြေစိုက်မည်ဆိုပါက ၃ ဆခန့် ဈေးမြင့်တက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Apple ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများ အမေရိကန်သို့ ၁၀ ရာခိုင်နှုန်းခန့်ပြောင်းရွှေ့မည်ဆိုပါက အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ကုန်ကျနိုင်သဖြင့် အဆိုပါလုပ်ငန်းစဉ်မှာခက်ခဲနိုင်ကြောင်း နည်းပညာဆိုင်ရာမီဒီယာများကဖော်ပြထားသည်။

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့အား အလွန်အမင်းအားကိုးနေရသော Apple သည် တရုတ်နိုင်ငံပြင်ပတွင် လုပ်ငန်းများတိုးချဲ့နိုင်ရန် လာမည့် ၄ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကြေညာထားသည်။

Telegram»…
https://t.me/positiveanglenews

PAN