၆ နှစ်ကြာရပ်ဆိုင်းခဲ့သည့် မြောက်ကိုရီးယား နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ပြန်လည်စတင်


(နိုင်ငံတကာ) ဧပြီ ၇

မြောက်ကိုရီးယားနိုင်ငံတွင် နှစ်စဉ်ကျင်းပခဲ့သော နိုင်ငံတကာ မာရသွန်ပြိုင်ပွဲကို ၆ နှစ်အကြာမှာ ပြန်လည်ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်က နောက်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲသည် ကိုဗစ် ၁၉ ရောဂါကြောင့် ၆ နှစ်ကြာ ရပ်ဆိုင်းခဲ့ရသည်။

ကိုဗစ် ၁၉ မတိုင်မီ နောက်ဆုံးကျင်းပခဲ့သည့် ပြိုင်ပွဲတွင် နိုင်ငံတကာမှ ပြိုင်ပွဲဝင်ပေါင်း ၉၅၀ ကျော်ပါဝင်ခဲ့ပြီး ယခုပြန်လည်ကျင်းပချိန်တွင် အပြေးသမား ၂၀၀ ဝန်းကျင်သာ ပြန်လည်ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစတင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်အီဆွန်း၏ မွေးနေ့အထိမ်းအမှတ် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြုံးယမ်းမာရသွန် ပြိုင်ပွဲဝင် အပြေးသမားများသည် ကင်အီဆွန်း အားကစားကွင်းအတွင်း ယှဉ်ပြိုင်ပြေးလွှားနေသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော်လည်း ပြိုင်ပွဲရလဒ်များကိုမူ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN