တက္ကဆက်တွင် ဝက်သက်ရောဂါဖြင့် ဒုတိယမြောက်ကလေးငယ်တစ်ဦးသေဆုံး


(နိုင်ငံတကာ) ဧပြီ ၇

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ကူးစက်မြန် ဝက်သက်ရောဂါကြောင့် ဒုတိယမြောက် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

ကျောင်းနေအရွယ်ကလေးငယ်မှာ ဝက်သက်ရောဂါ ကာကွယ်ဆေးမထိုးရသေးပဲ ရောဂါခံစားခဲ့ရခြင်းကြောင့် ဆေးရုံတက်ကုသစဉ် သေဆုံးခဲ့ကြောင်းသိရသည်။

အမေရိကန်သည် ၂၀၀၀ ပြည့်နှစ်မတိုင်မှီ ဖယ်ရှားနိုင်မည်ဟု ကြေညာခဲ့သော်လည်း ယခုနှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်ခဲ့သည်။

တက္ကဆက်ပြည်နယ်၏ ဝက်သက်ရောဂါ ဖြစ်ပွားမှုသည် အခြားပြည်နယ်များသို့ ကူးစက်ပျံ့နှံ့နေပြီး ကာကွယ်ဆေး မထိုးထားသည့် ကလေးငယ်များ အများစု ကူးစက်ခံရကြောင်းသိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့အစောပိုင်းက အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ပြီးနောက် ယခု တစ်ဦးထပ်မံသေဆုံးခြင်းဖြစ်သည်။

ယခုနှစ်အတွင်း အမေရိကန်တွင် ဝက်သက်ရောဂါဖြစ်ပွားမှု ၆၀၀ ကျော်ရှိခဲ့ပြီး ယခင် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ မှတ်တမ်းတင်ထားသော ပမာဏထက် ၃ ဆနီးပါးမြင့်တက်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN