
(ပြည်တွင်း) ဧပြီ ၅
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အောင်နိုင်ကုန်းကျေးရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများသည် မော်တော်ယာဉ် ၂ စီးဖြင့် မကွေးမြို့သို့ ဘုန်းတော်ကြီးကျောင်းအလှူကိစ္စ ဆောင်ရွက်ရန်အတွက် လိုအပ်သောဈေးပစ္စည်းများ သယ်ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်များပေါ်လိုက်ပါလာသည့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံး ခဲ့ပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၇ ဦး ပြင်းထန်သော ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောင်နိုင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သီဟနန္ဒ ဦးဆောင်၍ သံဃာတော် ၁ ပါး၊ သီလရှင် ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၉ ဦးတို့သည် မကွေးမြို့သို့ ဘုန်းတော်ကြီးကျောင်းအလှူကိစ္စဆောင်ရွက်ရန်အတွက် လိုအပ်သော ဈေးပစ္စည်းများ သယ်ဆောင်ရန် မော်တော်ယာဉ် ၂ စီးဖြင့် စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး သွားကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အေပြီ ၃ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စေတုတ္တရာမြို့၏ အရှေ့တောင်ဘက် မီတာ ၁၆၀၀၀ ခန့်အကွာ အောက်ဝေါကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက် သောင်း ကျန်းသူများက လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ယာဉ်များပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၇ ဦး ပြင်းထန်းသော ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ သေဆုံး/ဒဏ်ရာရရှိခဲ့သူများအား စေတုတ္တရာလူမှုကူညီရေးအသင်း မော်တော် ယာဉ်ဖြင့် စေတုတ္တရာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ၍ လိုအပ်သည့် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူများ လွတ်လပ်စွာလှုပ်ရှား သွားလာခြင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလများအတွင်း အလှူအတန်းများ ပြုလုပ်ရန် ပြင်ဆင်နေခြင်း များအပေါ် လက်ခံနိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ခရီးသွားမော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ယခုကဲ့သို့ ဆရာတော်များ၊ သီလရှင်များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး/ဒဏ်ရာရရှိခဲ့မှုများနှင့် ပတ်သက်၍ ဒါယကာ၊ ဒါယိကာမများ၊ မိသားစုများ၊ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ဝိုင်း ဝန်းကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရသည်။
#PAN