ငလျင်ဒဏ်သင့်ပြည်သူများအတွက် အနုပညာရှင်များနှင့် ပဲခူးမြိုခံအသင်းတို ချစ်ကြည်ရေးဘောလုံးပွဲ ရံပုံငွေရှာဖွေရေးကျင်းပမည်


(ပြည်တွင်း) ဧပြီ ၅

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ပြည်ထောင်စုနယ်မြေတိုတွင် အင်အားပြင်းထန်သောငလျင်ဒဏ်ခံစားခဲ့ရသော တိုင်းရင်းသားညီအစ်ကို မောင်နှမအတွက် ကူညီထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် ပဲခူးမြိုတွက်ဝါသနာရှင်များစုဖွဲထားသော Bago Old Starအသင်းတိုသည် မတ်လ ၇ ရက်နေ့တွင် ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက်ကွင်း၌ ချစ်ကြည်ရေး ရံပုံငွေ ရရှိရန်အတွက် ဘောလုံးပွဲယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးသူ ပြည်သူများအား ကွင်းဝင်ကြေး ငါးထောင်ကျပ်အား သတ်မှတ်ထားကြောင်းသိရသည်။

ပဲခူးမြို့ရှိပြည်သူများသည် ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကူညီ ကယ်ဆယ် ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် မြို့၏ လူစည်ကားရာနေရာများတွင် စုပေါင်း၍အလှူခံခြင်း ၊ လှူဒါန်းနိုင်ရန်အတွက်ရံပုံငွေများ အလှူငွေများရှာဖွေ လက်ခံခြင်းတိုအား စီစဥ်ဆောင်ရွက်လျှက်ရှိသည်။

Bago Old Star ဘောလုံးအသင်းသည် လက်ရွေးစင်ကစားသမားဟောင်းများ ၊ ဋ္ဌာနဆိုင်ရာများ ၊အငြိမ်းစားနိုင်ငံဝန်ထမ်းများမှ စုပေါင်းဖွဲစည်းထားသော ဘောလုံး အသင်းဖြစ်ပြီး ယခုအခါငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရန်အတွက် ရွှေမော်ဓောဘုရားလမ်းရှိ တင်းနစ်ကွင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်၍ ကူညီဆောင်ရွက်လျှက်ရှိသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် ကျင်းပမည့်အစီအစဉ်များ အနေဖြင့် မတ်လ ၇ ရက်နေ့ညနေ (၃:၀၀ မှ ၄:၃၀)နာရီအထိပရိသတ်များ နှင့် အနုပညာရှင်များ တွေ့ဆုံမိတ်ဆက် ခြင်း၊ ညနေ (၄:၃၀ မှ ၆:၃၀)အချိန်တွင် အနုပညာရှင်များအသင်း နှင့် Bago Old Starအသင်း ဘောလုံးကစားခြင်း ပါဝင်မည့်အနုပညာရှင်များအနေဖြင့် သူထူးစံ၊ ဘုန်းလျှံ၊ ထွန်းထွန်း ၊ဟဲဗီးဖြိုး၊ မိုးယံဇွန် ၊ ပိစိကွေး ၊ကျော်ကျော်၊ ချာလီ၊ မာန်ဟိန်း ၊အောင်လေး ၊နေဒွေး ၊ကောင်းစစ်သွေးနှင့် အနုပညာရှင်ပေါင်းများစွာပါဝင်ပြီး မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်းအောင်အောင်ဦး ၊ ကြည်လင်း၊ ဖြိုးမောင်မောင်ကျော် ၊တင့်နိုင်ထွန်းသိန်း ကစားသမားပေါင်းများစွာတို့ ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်း ကူညီလှူဒါန်းလိုပါက အောက်ဖော်ပြပါဖုံးနံပါတ် KPa များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သတင်းထုတ်ပြန်နှိးဆော်ထားသည်။
09264225953- ဦးသက်စိုး
09899873887-ကိုချမ်းမြေ့အောင်
095300809-ဦးကျော်ကျော်မြင့်

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN