(နိုင်ငံတကာ) ဧပြီ ၅

အီရန်နျူကလီးယားပြဿနာကို နိုင်ငံရေးနည်းလမ်း၊ သံတမန် နည်းလမ်းများဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရုရှားနိုင်ငံက ဧပြီလ ၄ ရက်တွင် ပြောကြားခဲ့ပြီး ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြရန် အမေရိကန်နှင့် အီရန်နိုင်ငံ တို့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် သဘော တူညီချက်တစ်ရပ် မယူခဲ့ပါက ဗုံးကြဲတိုက်ခိုက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြား ခဲ့ပြီးနောက် ရုရှားအစိုးရ၏အဆိုပါတိုက်တွန်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်နျူကလီးယားပြဿနာ ကို နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်းများဖြင့်သာ ဆွေးနွေးအဖြေရှာ သင့်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲ၌ပြောကြား ခဲ့သည်။
ထို့ပြင် အီရန်နျူကလီးယားပြဿနာကိုဖြေရှင်းရာတွင် သက်ဆိုင်ရာအင်အားစုအားလုံး ထိန်းထိန်း သိမ်းသိမ်းဖြင့် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲ စတင် ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာသော နိုင်ငံဖြစ်သည်။
အီရန်နှင့် အမေရိကန်နိုင်ငံ တို့ကြား နျူကလီးယားဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဖြစ်ကြောင်း ရုရှားအစိုးရ က ကမ်းလှမ်းထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews