ဟိုတယ်အောက်တွင် ၅ ရက်ကြာပိတ်မိနေသည့် အမျိုးသား ၁ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

(ပြည်တွင်း) ဧပြီ ၂

ပြင်းထန်ငလျင်လှုပ်ပြီး ပြိုကျနေသည့် အပျက်အစီးများအောက်တွင် ၅ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားတစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်းသာဟိုတယ်တွင် ပိတ်မိနေသည့် ဟိုတယ် ပြင်/ထိန်း ဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်ရှိ နိုင်လင်းထွန်း အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်များနှင့် တူရကီ(တူကီရဲ) နိုင်ငံမှ GEASearch and rescue အဖွဲ့ဝင်များမှ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးပူးပေါင်းအဖွဲ့တွေဟာ ဧပြီ ၁ ရက် ညနေ ၃ နာရီအချိန်က စတင်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ည ၁၂ နာရီခွဲအချိန်မှာ နိုင်လင်းထွန်းအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

၎င်းအပြင် အသက်ရှင်လျက် ကျန်ရှိနေသူ ၁ ဦးအားဆက်လက်ကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegeram Join -https://t.me/positiveanglenews

PAN #မြန်မာ #ငလျင် #ကယ်ဆယ်ရေး