(ပြည်တွင်း) ဧပြီ ၂
ထိုင်းမှာကျင်းပမယ့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၃ ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်းမှာ အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#PAN #BIMSTEC #နစက #ထိုင်း