နေပြည်တော်ရှိ မြို့သုံးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ၃၀ ကျော်သေဆုံး

(ပြည်တွင်း) မတ် ၂၈

နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် ယနေ့မွန်းလွဲပိုင်းအချိန်က လှုပ်ခက်သွားသည့် ငလျင်ဒဏ်ကြောင်း ထိခိုက်သေဆုံးမှု များလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု၊ကျောက်ချက် အထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက ငလျင်ဒဏ်ကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ရာ ၅ဦး သေဆုံးပြီး နှစ်ဦေး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

အလားတူ တပ်ကုန်မြို့နယ်တွင် ကိုရင်တစ်ပါး အပါဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုပြင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပြင်းထန်စွာမြေငလျင်လှုပ်ခပ်မှုဖြစ်ပွားခဲ့ရာနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်Contorl Towerပြိုကျခဲ့ရာလူကြီး (၈)ဦး၊ကလေး( ၁)စုစုပေါင်း (၉)ဦး ပျောက်ဆုံးခဲ့ရာ နေပြည်တော်ATCမှဝန်ထမ်းမနိုင်နိုင်မော်(ဘ)ဦးကျော်နိုင်ထွန်း၂၇နှစ်၊နှင့်ပိတောက်ချောင်ကျေးရွမှ ၊မသော်သော်ထက်ကိုကို ၊ သားဖြစ်သူမောင်ဘုန်းမင်းခန့်(ဘ)၂နှစ်၊ လေတပ်စခန်မှ စစ်သည်တစ်ဦီးအပါဝင် သေဆုံးစုစုပေါင်း(၄)ဦးသေဆုံးလျက်တွေ့ရှိရကြောင်း၊ ကျန်သေဆုံးသူမများဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာနှင့် ဥတ္တရသီရိမြို့နယ်ရှိ ပင်လုံံဆေးရုံ ပြိုကျမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN #ငလျင် #နေပြည်တော်