ဒန့်ဒလွန်သီးက ပေးတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးများ

(ကျန်းမာရေး) မတ် ၂၇

     ဒီနေ့ PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာရေးကဏ္ဍကနေ ဒန့်ဒလွန်သီးကပေးတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက် ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့ အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများ ကြိုက်ကြပါတယ်။ ဒန့်သလွန်သီး ရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲ ပြီးသွားတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။

ဒန့်သလွန်သီး မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ

      ဒန့်သလွန်သီးမှာ ပရိုတင်း၊ ဗီတာမင် B6၊ ဗီတာမင် C၊ သံဓာတ်၊ ဗီတာမင် B2၊ ဗီတာမင် A၊မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။

ဒန့်သလွန်သီး ကရရှိမယ့် ကျန်းမာရေးအကျိုး ကျေးဇူးတွေက ဘာတွေလဲ

၁ ။    အရေပြားနဲ့ ဆံသားတွေကို အာဟာရဖြည့်ပေးတယ် ။ အရေပြားနဲ့ ဆံသားတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေ ကာကွယ်ပေးပါတယ်။ ကျန်းမာသန်စွမ်းစေနိုင်ပြီး အရေပြားဆဲလ်တွေထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ပိုးဝင်ကူးစက်တာကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။

၂။     အသည်းကို ကျန်းမာစေနိုင်တယ် ။ ဆေးဝါးတွေကြောင့် အသည်းထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းရောဂါရှိသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဓာတ်စာတစ်ခုပေါ့။

၃။    ကင်ဆာကာကွယ်ပေးနိုင်တယ် ။ ဒန့်သလွန်သီး စားသုံးပေးမှုက ကင်ဆာ ကာကွယ်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဒန့်သလွန်သီးမှာပါတဲ့ niazimicin ဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေ ပွားမလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

၄။    အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် ။ အစာအိမ်ပြဿနာတွေကို ကင်းဝေးစေသလို၊ ဝမ်းချုပ်တာ၊ လေပွတာနဲ့ လေနာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် B ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေဖို့ အထောက်အကူပြုပေးပါတယ်။

၅။    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ် ။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူး စက်ရောဂါတွေ၊ အရေပြားမှာ ဘက်တီးရီးယားနဲ့ မှိုပိုးကူးစက်တာတွေကို ကာကွယ်ဖို့ အသုံး ပြုလို့ရပါတယ်။

၆။    အရိုးတွေကို သန်မာစေနိုင်တယ် ။ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရိုးကျိုးထားသူတွေ စားပေးသင့်တဲ့ ဓာတ်စာပါ။

၇။    စိတ်ခံစားမှု ကောင်းစေနိုင်တယ် ။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

၈။    နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒန့်သလွန်သီး မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

၉။    အနာကျက်စေနိုင်တယ် ။ အနာကျက်စေနိုင်သလို အနာကြောင့် အမာရွတ်တွေ မကျန်စေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

၁၀။   ဆီးချိုအတွက် သင့်တော်တယ် ။ သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပြီး သွေးဖြူဥဆဲလ်တွေကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို ဆီးချိုထိန်းညှိရာမှာလည်း တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

၁၁။   ပန်းနာရင်ကျပ် သက်သာစေနိုင်တယ် ။ အဆုတ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ပန်းနာရင် ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းလည်း ရှိပါတယ်။

၁၂။   ကျောက်ကပ် ကျန်းမာစေတယ် ။ ကျောက် ကပ်မှာ ကျောက်တည်တာ၊ ဆီးအိမ်မှာ ကျောက် တည်တာတွေအတွက် အသုံးပြုလို့ရပါတယ်။ ဒန့်သလွန်သီး မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကျောက်ကပ်က အဆိပ် အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။

၁၃။   သွေးတိုးကျစေနိုင်တယ် ။ ဒန့်သလွန်သီး မှာ isothiocyanate နဲ့ niaziminin တို့ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးလည်ပတ်စီးမှုကို ကောင်း မွန်စေပြီး သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားသုံးဖို့ သင့်တော်ပါတယ်။

၁၄။   မျက်လုံး ကျန်းမာစေနိုင်တယ် ။ ဓာတ်တိုးဆန့် ကျင် အာနိသင်ကြွယ်ဝတဲ့အတွက် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မျက်လုံးတွင်း သွေးကြောလေးတွေကို ကျန်းမာစေပြီး အမြင်အာရုံကောင်းမွန်စေနိုင်ပါတယ်။

      ခန္ဓာကိုယ်အတွက် အကျိုးများတဲ့ ဒန့်သလွန်သီးလေးကို စားသုံးပေးရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။
(Crd; Hello Sayarwon)

#PAN