KNU/PDF ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ်က ကလေးငယ်တစ်ဦး ဒဏ်ရာရ

(ပြည်တွင်း) မတ် ၂၇

ကရင့်သောင်းကျန်းသူ KNU နဲ့အကြမ်းဖက် PDF အကြမ်းဖက်အဖွဲ့တွေပစ်ခတ်လိုက်တဲ့ကျည်ဟာ ကော့ကရိတ်မြို့တွင်းကိုကျရောက်ပေါက်ကွဲခဲ့လို့ ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

KNU နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဒီနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၇နာရီခွဲအချိန်ခန့်က ကော့ကရိတ်မြောက်ဘက်ခြမ်း ပျားပင်ဘက်ကနေ ကော့ကရိတ်မြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့​ကြတာဖြစ်ပါတယ်။

သောင်းကျန်းသူအကြမ်းဖက်သမားတွေပး်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ စက်ကုန်းရပ်၊ ပြည်ထောင်စုလမ်းသွယ် (၁)လမ်းမှာရှိတဲ့ လူမနေတဲ့အိမ်တစ်လုံးပေါ်ကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်နဲ့ မီတာ ၁၀၀ ခန့်အကွာ လမ်းပေါ်မှာဆော့ကစားနေတဲ့ အစ္စလာမ်ဘာသာဝင် အသက် ၇ နှစ်အရွယ် မောင်အောင်ထွဋ်ကိုရဲ့ ယာတင်ပါးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲပေါင်ရင်းဖောက်ဝင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

#PAN #KNU #PDF #ကော့ကရိတ်