(ပြည်တွင်း) မတ်လ ၁၉

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများတွင် နေရေးအခက်အခဲရှိသူများကို ငါးနှစ်ငှားရမ်းနေထိုင်ခွင့် ပြုထားသော်လည်း မသမာသူအချို့မှ အခန်းနေထိုင်ခွင့်ရမည်ဟု မက်လုံးပေးပြီး ငွေတောင်းခံလိမ်လည်သူများရှိနေသဖြင့် သတိပြုကြရန်နှင့် ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ တစ်ဆင့်ငှားရမ်းနေထိုင်သူများအား အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အိမ်ရာအရှေ့တွင် ဆိုင်းဘုတ်စိုက်ထူကာ အသိပေးထားကြောင်း သိရပါတယ်။

အိမ်ရာငှားရမ်းနေထိုင်ခွင့်ရရှိသူအချို့မှလည်း ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း များရှိပါက အိမ်ခန်းငှားရမ်းခွင့်ကိုရုပ်သိမ်းပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြ ထားပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ် လမ်းမကြီးအနီးရှိ လမ်းဆုံနေရာတွင် အကောင်အထည်ဖော်တည်ဆောက်ထားရှိကာ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြင့် နေရေးအခက်အခဲရှိသူများအား နေထိုင်ခွင့်ပြုနေခြင်းဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews