ပုသိမ်ကြီးမြို့ နယ် လျှပ်စစ်ရုံးအပြင်ဘက်ရှိ ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်


(မှုခင်း) မတ်လ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ ရန်ကင်းသာယာရပ်ကွက်ရှိ ပုသိမ်ကြီးမြို့ နယ် လျှပ်စစ်ရုံးအပြင်ဘက်ရှိ ဘန်ကာအတွင်းသို့ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က အမည်မသိအမျိုးသား ၂ ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပုသိမ်ကြီးမြို့၊ ရန်ကင်းသာယာရပ်ကွက်ရှိ ပုသိမ်ကြီးမြို့ နယ် လျှပ်စစ်ရုံးသို့ အမည်မသိ၊ အသက် ၂၅ နှစ်ခန့်၊ အမျိုးသား ၂ ဦး၊ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ၁ ဦးမှာ လျှပ်စစ်ရုံးဝင်းအပြင် ဆိုင်ကယ်ပေါ်၌ထိုင်နေပြီး ကျန်အမျိုးသား ၁ ဦးမှာ လမ်းလျှောက်လာကာ လျှပ်စစ်ရုံးအပြင်ဘက်အ​ရောက်တွင် MG-1 လက်ပစ်ဗုံးဟုယူဆရသည့် လက်ပစ်ဗုံးဖြင့် အမှတ်(၄)ခြေလျင်တပ်ရင်းမှ ကင်းတာ၀န် ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးစောထွန်း ကင်းစောင့်နေသည့် ဘန်ကာအတွင်း သို့ ပစ်ခဲ့ရာကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

တပ်ကြပ်ကြီးစောထွန်းမှ အဆိုပါ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပေါက်ကွဲမှုမရှိခဲ့ဘဲ လျှပ်စစ်ရုံး​ရှေ့ ရေမြောင်းအတွင်း ကျရောက်ခဲ့ကြောင်းသိရပြီး လက်ပစ်ဗုံး​ဖြင့် ပစ်ခတ်သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

၎င်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးအား စအရ(၉၁၀)မိုင်းရှင်းလင်းရေးအဖွဲ့မှ ညနေ ၆ နာရီ ၅၅ အချိန်ခန့်တွင် လာရောက်ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN