လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် ၂၃ လမ်းထောင့်တွင် ကားမီးလောင်မှုဖြစ်ပွား


(မှုခင်း) မတ်လ ၉

ရန်ကုန်မြို့ ၊ လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် (၂၃)လမ်းထောင့်တွင် ယနေ့ (မတ်လ ၉ ရက်) နံနက်အစောပိုင်း ၁ နာရီ ၄၂ မိနစ်အချိန်ခန့်က ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၄၄ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN