(ပြည်တွင်း) မတ်လ ၁

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်အာရှလမ်းပိုင်း ရွာသစ်ကုန်းဘက်တွင် လူပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူ ဗိုလ် ကုလယ်န အဖွဲ့သည် တပ်မတော်စစ်ကြောင်း၏ပြင်းထန်သောထိုးစစ်နှင့် လက်နက်ကြီးပစ်ကူများကြောင့် ညတွင်းချင်းဖလူးဘက် သို့ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ဒဏ်ရာရ ၆၀ ကျော်ကို သုံးဆယ်သုံးဆူဘက်သို့ ယာယီကုသရန်စီစဉ်နေချိန်တွင် တပ်မတော်မှ အမြောက်လက်နက်ကြီးများပစ်ခတ်မူကြောင့် ဆေးကုသမည့်လူနာများကို ဟောင်သရောမြစ်ကိုဖြတ်၍ အံကောင်ဘက်၊ ကျွန်းတောဘက်မှတဆင့်ဝင်ကာ ၎င်းတို့၏ ဆေးရုံသို့ပို့ဆောင် ကုသနေကြောင်းဒေသခံများ၏ သတင်းပေးပို့မှုအရ သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းအချိန်ကလည်း နယ်မြေရှင်းစစ်ကြောင်းသည် ကော့ကရိတ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် KNLA တမဟာ(၆)မှ အင်အား ၃၅ ဦးခန့်ဖြင့် (၁)ကြိမ်၊ ၆၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ ပေါင်း (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာများကို တပ်မတော်စစ်ကြောင်းအဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် KNLA ထံမှ KNLA အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၃ လက်၊ RPG ၂ လက်၊ M-16 ၁ လက်၊ ကျည်အိမ်/ ကျည်ဆန်များ၊ မိုင်းမျိုးစုံ ၄ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ဘန်ကာ ၁၅ လုံး တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews