(ပြည်တွင်း) မတ်လ ၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များသည် တမူးခရိုင်၊ တမူးမြို့နယ်၊ ပန်းသာနှင့် မန်မော်ကြား ဝန်းကျင်တစ်ဝိုက် ယနေ့ မတ်လ ၁ နံနက်ပိုင်းက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်အဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲဖြစ်မှ KUKI ဘက်တံဆိပ်ပါ ပြောက်ကျားဝတ် ကျား အလောင်း ၁ လောင်း၊ MA-1 သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ KA သေနတ် ၂ လက်၊ ကျည်အိမ် ၁၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာဦးထုပ် ၇ လုံးရရှိခဲ့ကြောင်း သိရပြီး ၎င်းဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှင်းလင်းခဲ့ရာ ၊ အကြမ်းဖက်အလောင်း ၄ လောင်း၊ M-22 သေနတ် ၁ လက်၊ KA သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၇၆ တောင့်၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ပြောက်ကျားအင်္ကျီ ၂ ထည်၊ ကျောပိုးအိတ် ၅ လုံး တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကာ ရန်သူ့ထံမှ စုစုပေါင်း ကျားအလောင်း ၅ လောင်းနှင့် သေနတ် ၆ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ကြောင်း သိရပြီး ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းမှ ဆက်လက်ရှင်းလင်း လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews