(အားကစား) ဖေဖော်ဝါရီ ၂၅

အက်စ်တွန်မာတင်အသင်းအသင်းနဲ့အတူ လာမယ့်ရာသီသစ်မှာ ပိုကောင်းတဲ့ ရပ်တည်မှုရဖို့ မျှော်လင့်ထား တယ်လို့ စပိန်ဒရိုင်ဗာ ဖာနန်ဒို အလွန်ဆို က ပြောကြား လိုက်ပါတယ်။
အက်စ်တွန်မာတင်အသင်းဟာ ၂၀၂၅ ဖော်မြူလာဝမ်း ရာသီသစ်အတွက် အသင်းအုပ်ချုပ်သူနဲ့ အမှုဆောင်အရာရှိတွေကို အပြောင်းအလဲ ပြုလုပ်ထားတာ ဖြစ်ပြီး အသင်းရဲ့ ပြိုင်ကားသစ်ကိုလည်း သေချာဒီဇိုင်းဆင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
အက်စ်တွန်မာတင်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းလိုက်ရပ်တည်မှု အဆင့် (၅) နေရာမှာသာ ရပ်တည် နိုင်ခဲ့တာဖြစ်ပြီး ဒရိုင်ဗာ အလွန်ဆို ကတော့ အခုရာသီမှာ ပိုမိုကောင်းမွန်တဲ့ ရပ်တည်မှုရရှိအောင် ကြိုးစားပေးသွား မယ်လို့ ပြောထားပါတယ်။
ပြိုင်ကားဒီဇိုင်းပညာရှင် နီဝေး ရောက်ရှိလာတာနဲ့အတူ အသင်းရဲ့ပြိုင်ကားတည်ဆောက် ထားမှုက ပြီးပြည့်စုံသလို ခံစားရပါတယ်လို့ အလွန်ဆိုက ပြောကြားသွားခဲ့ပါတယ်။
အက်စ်တွန်မာတင်အသင်းအသင်းအနေနဲ့ မကြာခင်ကာလမှာပဲ ဖော်မြူလာဝမ်းအသင်းကြီးတွေကို လိုက်မီ နိုင်ပါလိမ့်မယ်လို့ အလွန်ဆိုက ပြောကြားခဲ့ပြီး ကားမောင်းသမားအသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းထားမှုက အသင်း အနာဂတ်အတွက် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ အလွန်ဆို ဟာ အခုရာသီမှာ ကနေဒါကားမောင်းသမား လန့်စထရိုးနဲ့အတူ အက်စ်တွန်မာတင်အသင်း အတွက် ပြိုင်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews