(မှုခင်း) ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်တွင် ယနေ့နံနက် ၈ နာရီ ၄၃ မိနစ်အချိန်ခန့်က “ရှင်းသန့်”တည်းခိုခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ အကွက်အမှတ် နန ၂/၆၀၊ ၆၈(အေ)လမ်း၊ ၁၃၃×၁၃၂ လမ်းကြားရှိ ဒေါ်အေးအေးသန့်၊ ၄၇ နှစ်၊ ပိုင်ဆိုင်သည့် “ရှင်းသန့်”တည်းခိုခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်အေးအေးသန့် ပိုင်ဆိုင်သော ၂၀×၄၀ ပေ၊ နံကပ် ၂ ထပ်၊ အဆောက်အဦး ၁ လုံးလောင်ကျွမ်းပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၆၅ သိန်းခန့်ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ဝန်ထမ်းအိပ်ခန်းအတွင်း ဖုန်းအားသွင်းသည့် ပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိ မွေ့ယာအားမီးကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးရဲကျော်မြင့်(ခ)ဖိုးကော်၊ ၃၃ နှစ်၊ (ဘ)ဦးဝင်းနိူင်လတ်အား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews