သဘောထားတင်းမာနေသည့် ထရမ့်ကို တွေ့ဆုံရန် ဥရောပနိုင်ငံခေါင်းဆောင်များပြင်ဆင်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၄

ဥရောပနိုင်ငံများအပေါ် သဘောထားတင်းမာဟန်ပြသည့် သမ္မတဒေါ်နယ်ထရမ့်ကိုတွေ့ဆုံရန် ဥရောပ ခေါင်းဆောင်များ အမေရိကန်သို့ သွားရောက်ရန်ပြင်ဆင်နေကြောင်းသိရသည်။

ပြီးခဲ့သည့် မြူနစ်မြို့ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ယူကရိန်း ရုရှားပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများဖြစ်ပေါ်ကာ ထရမ့်က ဥရောပတိုက်အပေါ် သဘေထားတင်းမာမှုကို ပြသခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ယခုရက်ပိုင်းအတွင်း သမ္မတထရမ့်နှင့်သွားရောက်တွေ့ဆုံရန် စီစဉ်ထားပြီး ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဗြိတိန်၏ သက်တမ်းနု ဝန်ကြီးချုပ်တစ်ဦးဖြစ်သည့် ကီယာစတာမာသည်လည်း လာမည့် ကြာသပတေးနေ့တွင် ဝါရှင်တန်ဒီစီသို့သွားရောက်ကာ ဗြိတိန်နှင့်ကန်တို့အကြား ကွာဟချက်များအား ဆွေးနွေးသွားဖွယ်ရှိကြောင်းသိရသည်။

ပြင်သစ်နှင့် ဗြိတိန်တို့သည် ဥရောပလုံခြုံရေးအကြောင်းပြချက်ဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင် ၃၀၀၀၀ ကို ယူကရိန်းနိုင်ငံအတွင်းချထားရန် အစီအစဉ်တစ်ရပ် ရေးဆွဲလျက်ရှိကြောင်းသိရသည်။

ထရမ့်အစိုးရသည် ယူကရိန်း ရုရှားစစ်ပွဲနှင့်ပတ်သက်ပြီး သဘောထားတင်းမာမှုပြသခဲ့ပြီး ယူကရိန်းမပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့ပြီးနောက် ဥရောပနိုင်ငံများ၏ ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN